Tuesday, August 6, 2013

Telenor ၏ အော်ပရေတာလုပ်ငန်းစဉ်၌ Huawei ပါဝင်လုပ်ကိုင်ခွင့်ရ 
telenor


နော်ဝေအစိုးရ၏ အစုရှယ်ယာပါဝင်သော Telenor Group သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာ တစ်ခုအဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ ၎င်း၏ အော်ပရေတာ လုပ်ကိုင်ခွင့်၌ Huawei ကုမ္ပဏီကို Supplier တစ်ခုအဖြစ် ပါဝင်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
Huawei သည် ၎င်းအနေဖြင့် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိခဲ့သည့် ပရောဂျက်များ၌ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန်ရှိသည်ဟု အမည်ထုတ်ဖော်မပြောလိုသော သတင်းအရင်းအမြစ် က ဆိုသည်။ Telenor Group သည် မြန်မာနိုင်ငံသို့ ဝင်ရောက်မလာခင် ၂၀၀၆ ခုနှစ် ကတည်းက Huawei ကုမ္ပဏီနှင့် Partner အဖြစ်ပူးပေါင်းကာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသည်ဟု သိရသည်။
Huawei သည် Telenor အတွက် Core Network တည်ဆောက်ပေးခြင်းများ၊ Value Added ဝန်ဆောင်မှုများ၊ Transmission တည်ဆောက်ခြင်းများ၊ Wireless စက်ပစ္စည်း တပ်ဆင်ခြင်း၊ Intelligent Network တည်ဆောက်ပေးခြင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများ တင်သွင်းပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်သွားမည်ဟု သိရသည်။ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုကို ၅ နှစ်နှင့် ၈ နှစ်ဟူ၍ နှစ်မျိုးခွဲခြားပြီး Huawei အနေဖြင့် Telenor ၏အော်ပရေတာ ပရောဂျက်၌ ဝင်ရောက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ Telenor သည် မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ကို ၁၅ နှစ် ရရှိထားကြောင်း သိရသည်။Telenor Group သည် ကမ္ဘာ့ နံပါတ် ၉ နေရာတွင် တည်ရှိသည့် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်ပြီး နော်ဝေအစိုးရမှ ရှယ်ယာ ၅၀ ရာ ခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားသည်ဟု သိရသည်။ ၎င်းနှင့်အတူ မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးတင်ဒါ အောင်မြင်ခဲ့သည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo သည် ကမ္ဘာ့အဆင့် နံပါတ် ၂၀ တွင် ပါဝင်ခြင်းမရှိသော်လည်း ၂၀၁၂ ခုနှစ် စာရင်းဇယားများအရ သုံးစွဲသူ ၉၁ သန်း ရှိနေသည့် အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုသည် ၎င်းတို့အတွက် ပူးပေါင်းလုပ်ကိုင်မည့် မိတ်ဖက် ကုမ္ပဏီများကို ရွေးချယ်သွားမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည့်အပြင် လုပ်သားအင်အားများကိုလည်း ပြည်တွင်းမှ အများဆုံး အသုံးပြုသွားမည်ဟု ကတိပြုခဲ့ကြသည်။
credit to:Internet Journal

ChinmobileGroup a ka leng mi nan za te cung ah lunglomhnak tampi ka ngei Ka tial mi a fiang lo sual ah le Software Pawl nan hreh mi tete zong chimkhawh i zuam cio hna uh sih Lunglomhnak he Dennis Ram Peng Thang


No comments:

Post a Comment