တစ်ကမ္ဘာလုံးနီးပါး တခဲနက် အားပေးခဲ့ကြတဲ့ HTC One ကို အရွယ်အစား ကြီးတယ်ဆိုတဲ့ အချက်နဲ့ ထောက်ပြနေသူတွေ အတွက် စိတ်ကျေနပ်မှု ရစေဖို့ HTC One Mini ကို HTC က ထပ်ထုတ်ပေးလိုက်ပါတယ်။ အရွယ်အစား ခပ်ငယ်ငယ်နဲ့ အနည်းငယ် ဝိတ်လျော့ထားတဲ့ HTC One Mini ဟာ ဈေးကွက်ထဲမှာတော့ မရောင်းသေးပါဘူး။ ဒါပေမယ့် ကြိုတင်မှာယူတာတွေကိုတော့ စလက်ခံနေပါပြီ။ ကိုယ်ထည်ပိုင်း တည်ဆောက်ပုံကို နဲနဲလေးမှ လျော့မထားပါဘူး။ HTC One နဲ့ ထင်သာမြင်သာရှိအောင် ကွာခြားနေတာကတော့ မျက်နှာပြင် အရွယ်အစား တစ်ခုပါပဲ။ အမှတ်တမဲ့ ကြည့်မယ်ဆိုရင်တော့ HTC One နဲ့ တစ်ပုံစံတည်း တူညီနေပါတယ်။ ဖုန်းရဲ့ အရွယ်အစားကတော့ တကယ့်ကို စိတ်ဝင်စားစရာပါ။ သို့ပေမယ့် ဒီလို Mini Version တွေကို ထုတ်လုပ်ခဲ့တာက HTC ကစခဲ့တာတော့ မဟုတ်ပါဘူး။ မိုဘိုင်းလောကကို ဦးဆောင်နေတဲ့ ဂုရုကြီးတွေဖြစ်ကြတဲ့ Samsung နဲ့ Apple က စတင်ခဲ့တာပါ။ Apple ကတော့ သူ့ရဲ့ လက်ရှိအောင်မြင်နေတဲ့ iPad ကို Mini Version ထုတ်ခဲ့ပြီး Samsung ကတော့ Galaxy SIII ရော Galaxy SIV ကိုပါ Mini Version ထုတ်ခဲ့တာပါ။ ဒီတော့ HTC One Mini Version ကိုလဲ ဘာတွေ တပ်ဆင်ထားတယ်ဆိုတာ လေ့လာကြည့်ရအောင်။
ဒီဇိုင်းနဲ့အသွင်အပြင်
ဒီဇိုင်းကတော့ iPhone နဲ့ ခပ်ဆင်ဆင်ပါပဲ။ အလျား ၅.၂ လက်မ၊ အနံ ၂.၄၉ လက်မရှိပြီး အထူကတော့ ၀.၃၇ လက်မသာ ရှိပါတယ်။ ကိုယ်ထည်ပုံစံဟာ ဘယ်လိုသယ်သယ် အဆင်ပြေအောင် ပါးလွှာပေးထားတဲ့အပြင် Mini Version ဖြစ်တဲ့အတွက် ဘောင်းဘီအိပ်ထဲ ထည့်သည်ဖြစ်စေ အင်္ကျီအိပ်ကပ်ထဲ ထည့်သည်ဖြစ်စေ ထိုးထိုးထောင်ထောင် ဖြစ်မနေပါဘူး။ ကိုယ်ထည်ကို အလူမီနီယံနဲ့ ပလပ်စတစ်ကို သုံးချိုးနှစ်ချိုး ပေါင်းစပ်ပေးထားတဲ့အတွက် အလေးချိန်ဟာ ၁၂၂ ဂရမ် (၄.၃၀ အောင်စ) သာ လေးပါတယ်။ အသွင်အပြင်ပိုင်းကိုတော့ OS ဖြစ်တဲ့ Android 4.2.2 (Jelly Bean) ပေါ်မှာ HTC ရဲ့ Sense 5 အသွင်အပြင် (User Interface) အသစ်ကို ဖုံးအုပ်ပေးထားပါတယ်။ HTC Sense 5 အသွင်အပြင်ဟာ လူတိုင်း လက်ခံနိုင်လောက်အောင် ခေတ်စားနေတာကြောင့် လူတိုင်းကြိုက်မယ့် အသွင်အပြင်တစ်ခု ဖြစ်ပါတယ်။
Processor RAM နှင့် GPU
Processor ကိုတော့ HTC One ထက်နှိမ့်ပြီး Dual Core 1.4 GHz အမြန်နှုန်းရှိတဲ့ Snapdragon 400 Processor ကို အသုံးပြုပေးထားပါတယ်။ RAM ထောက်ပံ့မှုအနေနဲ့ 1GB ထောက်ပံ့ပေးထားပြီး GPU ကိုတော့ ရုပ်ထွက်ပိုင်း ကောင်းမွန်အောင် Adreno 305 အမျိုးအစား GPU ကို အသုံးပြုပေး ထားပါတယ်။ Processor၊ RAM နဲ့ GPU ထောက်ပံ့မှုတွေကတော့ မော်ဒယ်မြင့် စမတ်ဖုန်းတစ်လုံးမှန်း သိသာစေပါတယ်။
မျက်နှာပြင်ထောက်ပံ့မှု
မျက်နှာပြင်ကို Super LCD2 အမျိုးအစား အသုံးပြုပေးထားပြီး အရွယ်အစားမှာ ၄.၃ လက်မရှိတဲ့အပြင် ထိခိုက်မှုတွေကို ကာကွယ်ပေးဖို့ နောက်ဆုံးပေါ် Gorilla Glass 3 ဖန်သားပြင်နဲ့ ထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင် Resolution ကိုလည်း 720 x 1280 pixels ထောက်ပံ့ပေးထားပြီး မျက်နှာပြင် သိပ်သည်းဆ 342 ppi နဲ့ ထောက်ပံ့ပေးထားပါတယ်။ Multitouch စနစ်ကိုလည်း ထောက်ပံ့ပေးထာသလို တောက်ပတဲ့ LCD2 ရဲ့ ရုပ်ထွက်နဲ့ GPU တို့ ပေါင်းစပ်မှုဟာ အသုံးပြုသူကို စိတ်ကျေနပ်စေမှာပါ။
ကင်မရာပိုင်းနှင့် သိုလှောင်နှုန်း
ကင်မရာကတော့ HTC One အတိုင်းပါပဲ။ နောက်ဆုံးပေါ် နည်းပညာလို့ ခေါ်ရမယ့် 4MP Ultra Pixel နည်းပညာသုံး ကင်မရာကို အသုံးပြုပေး ထားပါတယ်။ ကင်မရာမှာ Zoe စနစ်ကိုလည်း ထည့်သွင်း ပေးထားတာကြောင့် ၃၀ စက္ကန့်စာ ဗွီဒီယိုတွေကို အွန်လိုင်းပေါ်တင် Share ပေးနိုင်ပါတယ်။ ဒါကတော့ ဘယ်ဖုန်းရဲ့ ကင်မရာတွေမှာမှ မပါဝင်သေးတဲ့ နည်းပညာဖြစ်ပါတယ်။ Video Chat တွေအတွက်လည်း အဆင်ပြေအောင် 1.6MP ထောက်ပံ့ပေးထားပါတယ်။ ဒီလို ကင်မရာ ကောင်းကောင်းကနေ ရိုက်ကူးပေးမယ့် ပုံတွေကို သိုလှောင်ထားနိုင်ဖို့ 16GB ရှိတဲ့ အတွင်းပိုင်း သိုလှောင်နှုန်းကို ထည့်သွင်းပေးထားပါတယ်။ ပြင်ပထပ်တိုး သိုလှောင်နှုန်း ထပ်ဖြည့်ဖို့ အတွက်တော့ SD Card စိုက်လို့ မရပါဘူး။
ကွန်ယက်ချိတ်ဆက်မှုနဲ့ အခြားပါဝင်မှုများ
4G LTE ကွန်ယက်ကို ထောက်ပံ့ပေးထားတဲ့ ဖုန်းတစ်လုံးဖြစ်လို့ နောက်ဆုံးပေါ် ဖုန်းတစ်လုံးမှန်း ထင်သာမြင်သာ ရှိစေပါတယ်။ နိုင်ငံတကာမှာသုံးတဲ့ 4G LTE ကွန်ယက်တွေကိုပါ နိုင်ငံအလိုက် 4G LTE ထောက်ပံ့မှုတွေနဲ့ အသီးသီး ထောက်ပံ့ပေးထားပါတယ်။ အခြားပါဝင်တဲ့ ထောက်ပံ့မှုတွေကတော့ Wifi၊ Bluetooth 4.0 နှင့် USB 2.0 တို့ကိုပါ အသီးသီး ထောက်ပံ့ပေးထားပါတယ်။ အသံပိုင်းကိုတော့ နာမည်ကျော် Beats Audio ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကတော့ 1800 mAh ထောက်ပံ့ပေးထားပါတယ်။
သုံးသပ်ချက်
HTC One Mini ဟာ HTC ရဲ့ ပထမဦးဆုံး Mini Version ဖြစ်ပြီး အကောင်းဆုံး ထောက်ပံ့မှုတွေကို အသုံးပြုပေး ထားတာကြောင့် လူတော်တော်များများ စိတ်ဝင်စားကြမယ့် ဖုန်းတစ်လုံးပါ။ ဈေးနှုန်းကလည်း HTC One ထက် သက်သာမှာဖြစ်လို့ HTC One ကို အရွယ်အစား ကြီးတယ် သို့မဟုတ် ဈေးကြီးတယ် စသဖြင့် စိတ်အလိုမကျသူတွေကို ဆွဲဆောင်မယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒီလထဲမှာတော့ HTC One ကို မရောင်းသေးပါဘူး။ သြဂုတ်လထဲရောက်မှ ထုတ်လုပ်ရောင်းချမှာဖြစ်လို့ အနည်းငယ်တော့ စောင့်ရမှာပါ။
Ref & Credit: Smart Pro Journal
ChinmobileGroup a ka leng mi nan za te cung ah lunglomhnak tampi ka ngei Ka tial mi a fiang lo sual ah le Software Pawl nan hreh mi tete zong chimkhawh i zuam cio hna uh sih Lunglomhnak he Dennis Ram Peng Thang
No comments:
Post a Comment