ကိုယ်ပိုင် Operating System “Tizen” နဲ့စမတ်ဖုန်းထုတ်လုပ်တော့မယ့် Samsung

ဆမ်ဆောင်းဟာ လက်ရှိအချိန်မှာ Android OS နဲ့အတူ အောင်မြင်တဲ့ စမတ်ဖုန်း ထုတ်လုပ်သူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိပြီး ဈေးကွက်ဝေစု အမြောက်အများကိုလည်း ရရှိထားပါတယ်။ Android နဲ့ ဘယ်လောက်ပဲ အောင်မြင်နေပါစေ သူတို့ရဲ့ ယခင်က စမ်းသပ် အသုံးပြုခဲ့တဲ့ Bada ကို ထပ်မံ အဆင့်မြှင့်တင်ထားတဲ့ Tizen OS နဲ့အတူ စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ ပြန်လည် ကြံရွယ်လာပါတယ်။ ဆမ်ဆောင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် မိုဘိုင်း OS ဖြစ်တဲ့ Tizen ကို ယခုလ အစောပိုင်းမှာ ထွက်ရှိဖို့ ကြေညာထားခဲ့ပေမယ့် ပြုလုပ်သူ Developer တွေရဲ့ စွမ်းဆောင်ချက်ကြောင့် အနည်းငယ် နှောင့်နှေးခဲ့ရပါတယ်။ ဒါပေမယ့် Tizen OS ကို အသုံးပြုမယ်ဆိုတဲ့ စမတ်ဖုန်းတွေရဲ့ ရုပ်ပုံတွေကတော့ အွန်လိုင်းပေါ် ပြန့်နှံ့နေလျက် ရှိပါတယ်။
Tizen OS အဓိက ထွက်ရှိဖို့ နှောင့်နှေးရခြင်း အကြောင်းအရင်းကတော့ ယခု OS တွေမှာ အဓိကထား သုံးစွဲနေရတဲ့ App Store ကြောင့်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Android, iOS နဲ့ Windows တို့ဟာ ကိုယ်ပိုင် store တစ်ခုချင်းစီ ရှိနေတာကြောင့် Application တွေကို အခမဲ့ ဒါမှမဟုတ် ရောင်းချပြီးတော့ ဈေးကွက်ဝင်ငွေ ပြန်လည် ရရှိနေပါတယ်။ ဒါကြောင့်လည်း Tizen ဟာ App Store ကို အဓိကထား ပြင်ဆင်နေပြီး ယခုနှစ်အတွင်းမှာ ပြသမယ့် IFA ပွဲမှာ ထုတ်ဖော်မိတ်ဆက်ဖွယ် ရှိပါတယ်။ ယခင်က Developer တွေအတွက် ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ အသွင်အပြင်တွေနဲ့ လုံးဝ ကွာခြားသွားပြီး စမတ်ဖုန်း Tablet နဲ့ စမတ် တီဗီများပေါ်မှာသာမကဘဲ မော်တော်ယာဉ်များပေါ်မှာပါ အသုံးပြုလာနိုင်မယ့် စနစ်အသစ် ထွက်ပေါ်လာမှာပါ။ Android နဲ့ iOS သာ ဦးဆောင်နေတဲ့ စမတ်ဖုန်းလောကမှာ Tizen ကရော နောက်ထပ် OS ကောင်းတစ်ခု အနေနဲ့ ပေါ်ထွက်လာမလားဆိုတာကတော့ မျှော်လင့်စောင့်ကြည့်ရမှာပါ။
Power
Tizen အနေနဲ့ ပုံစံနှစ်မျိုးပေါ်မှာ အခြေခံပြီးတော့ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ ပထမတစ်ခုက Android App တွေကို Recopile လုပ်တဲ့နည်းလမ်း ဖြစ်ပြီး ဒုတိယတစ်ကတော့ အနာဂတ်မှာ တွင်ကျယ်လာတော့မယ့် HTML 5 ကို Based App အနေနဲ့ အသုံးပြုပြီး Tizen ကို အနာဂတ်မှာ စမတ်ဖုန်းတွေပေါ်မှာ အကောင်းဆုံး အလုပ်လုပ်နေဖို့ မျှော်လင့်နေပုံ ရပါတယ်။ Tizen ဖုန်းတွေကို Exynos 4 Chipset ကို သုံးပြီးတော့ စွမ်းအင်ပြည့် မောင်းနှင်အား ရရှိအောင် ပြုလုပ်ပေးပါလိမ့်မယ်။ ဒါ့ကြောင့် အနာဂတ် ဆမ်ဆောင်း စမတ်ဖုန်းတွေမှာ Tizen ကို သုံးစွဲလာဖို့ ဖြစ်လာနိုင်ပါတယ်။
Project
Tizen Project ကို Foundation မှာ Host လုပ်ထားပါတယ်။ Marketing နဲ့ education တွေ အတွက်နဲ့ requirements gathering နဲ့ တခြား function တွေကို ကိုင်တွယ်ဖို့ Tizen Association က တာဝန်ယူထားတယ်။ ဒါပေမယ့် အဓိကကျတဲ့ Decision တွေကိုတော့ Technical Steering Group က ဖြေရှင်းတယ်။ အခုအချိန်မှာတော့ အကြီးဆုံးနဲ့ တက်ကြွမှု အရှိဆုံး member တွေက Intel နဲ့ Samsung ပဲ။ တခြား Tizen Partner တွေကလည်း Level အမျိုးမျိုးကနေ ပါဝင်ကူညီမှုတွေ လုပ်နေကြတယ်။ အဲဒီအထဲမှာ ထုတ်လုပ်သူတွေထဲကဆိုရင် Panasonic နဲ့ Fujitsu ပါတယ်။ Mobile Operator တွေထဲမှာဆိုရင် NTT Docomo တို့၊ Sprint တို့၊ Vodafone တို့ ပါတယ်။
Tizen 2.0
Tizen 2.0 ကို magnolia လို့ ခေါ်တယ်။ ၂၀၁၃ အစောပိုင်းမှာ ထွက်မယ်။ Native application တချို့ ပါလာမယ်။ hardware API အသစ်တွေလည်း ပါလာမယ် Bluetooth နဲ့ NFC Support တွေလည်း ပါလာမယ်။ developer တွေအတွက် Device ထဲက Call history တို့၊ Calendar တို့၊ Messaging subsystem တွေ တိုက်ရိုက် Access လုပ်နိုင်လာမယ်။ tizen 2 အနေနဲ့ Native တွေရော၊ HTML 5 app တွေကိုရော၊ ဒါမှမဟုတ် အဲဒီနှစ်ခုစလုံးကို ပေါင်းထားတဲ့ App တွေကိုရော Run နိုင်လာမယ်။ သူ့မှာ Text-to-speech ပါလာမယ်။ နောက် background ကနေ run နေမယ့် application တွေလည်း ပါလာမယ်။
New Feature
Bada မှာ သုံးခဲ့တဲ့ Software တွေ အပြင်ကို HTML 5 နဲ့ ရေးထားတဲ့ Program အသစ်တွေ ပါလာမယ်။ နောက်တစ်ခါ မူရင်း Android apps တွေကို Tizen ပေါ်မှာ Run နိုင်ဖို့ အနိမ့်ဆုံး အနေနဲ့ နည်းလမ်း တစ်ခုတော့ ရှိလာမယ်။ Tizen ကို Modifie လုပ်ယူထားတဲ့ Linux Kernel နဲ့ စထားတယ်။ ပြီးတော့ Device Drive တွေ ထည့်ပေးထားတယ်။ အဲဒီအပေါ်မှာမှ၊ ဟိုးအောက်ကနေ ကြည့်မယ်ဆိုရင် Core လို့ခေါ်တဲ့ Native Framework တွေနဲ့ Web Framework တွေ ပါမယ်။ Core Subsystem အနေနဲ့ အခြေခံကျပြီး၊ ဘုံအသုံးဖြစ်တဲ့ Open Source Libraries နဲ့ API တွေကို သုံးထားတယ်။ Web Framework ကတော့ HTML 5 support ပါမယ်။ နောက်တစ်ခြား အခြေခံကျတဲ့ Services တွေ ပါမယ်။ Audio နဲ့ Video ကနေစလို့၊ Geolocation တွေ၊ Messaging တွေအထိ သုံးနိုင်မယ်။
Ref & Credit: Mobile Guide Journal
Chin Mobile Group a ka dir pi tu ka hawi le hna nan cung ah ka lawm tuk hmailei zong ah ka leng peng uh tiah kan sawm hna

No comments:
Post a Comment