Sunday, July 14, 2013

တစ်ကမ္ဘာလုံးသို့ ဖြန့်ချိနေသည့် HTC One စမတ်ဖုန်းပေါ်တွင် Eleven Media Group သတင်းများ ဖတ်ရှုနိုင်ပြီဟုဆို




HTC ဖုန်းမှ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိနေသည့် နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်သည့် HTC One ပေါ်တွင် Eleven Media Group ၏သတင်းများအား ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း HTC ၏ မြန်မာပြည်အတွက် တရားဝင် ကိုယ်စားလှယ်ဖြစ်သော KMD မှ သိရသည်။ HTC ၏ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်သည့် HTC One ၌ နည်းပညာအသစ်အနေဖြင့် ပါဝင်သည့် Blink Feed အတွင်းရှိ သတင်းကဏ္ဍတွင် ပြည်တွင်းသတင်း မီဒီယာတစ်ခုဖြစ်သည့် Eleven Media Group နှင့် သဘောတူညီချက် ရယူကာ ၎င်းတို့၏ သတင်းများအား ပထမဦးဆုံး အနေဖြင့် ထည့်သွင်းဖော်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ထည့်သွင်း ဖော်ပြရာတွင် ပြည်တွင်း၌ ရောင်းချပေးမည့် HTC One ဖုန်းများတွင်သာမက တစ်ကမ္ဘာလုံး၌ ရောင်းချပေးနေသည့် ဖုန်းများတွင်ပါ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခင်ထွက်ရှိပြီးသား HTC စမတ်ဖုန်းများအတွက်မူ လာမည့်တစ်လအတွင်း Software Update ထွက်ရှိလာသည့် အခါတွင် HTC ၏ စမတ်ဖုန်းများ အားလုံးပေါ်၌ Eleven Media Group ၏သတင်းများအား ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ HTC Blink Feed နည်းပညာသစ်တွင် စိတ်ကြိုက်ရွေးချယ်ထားသည့် အကြောင်းအရာ အမျိုးမျိုးမှ သတင်းအချက်အလက်များဖြင့် အသက်ဝင်နေသည့် ကိုယ်ပိုင် Home Screen တစ်ခု ပြုလုပ်နိုင်ပြီး ၎င်းတွင် လူမှုကွန်ရက်များ၊ သတင်းများ၊ ဘ၀နေထိုင်မှုပုံစံ၊ ရုပ်သံလိုင်းများ၊ Application များ တစ်ပါတည်း ပါဝင်သည့် နည်းပညာသစ် တစ်ခုဖြစ်ကာ Mobile Data သို့မဟုတ် WiFi တို့မှတစ်ဆင့် အလိုအလျောက် Update ပြုလုပ်ပေးနိုင်ကြောင်း သိရသည်။
Ref & Credit to Eleven Media Group











Chin Mobile Group a ka dir pi tu ka hawi le hna nan cung ah ka lawm tuk hmailei zong ah ka leng peng uh tiah kan sawm hna



No comments:

Post a Comment