Saturday, July 20, 2013

Huawei ကုမ္ပဏီ တရုတ် အစိုးရအတွက် သူလျှိုလုပ်နေဟု စီအိုင်အေ အကြီးအကဲဟောင်းပြောကြား




တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသော ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဟွာဝေး (Huiwei)သည် တရုတ် အစိုးရအတွက် အနောက်နိုင်ငံများကို သူလျှို လုပ်ပေးနေသည်ဟု အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က ပြောကြားသည်။ အမေရိကန် စီအိုင်အေ အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က Australian Financial Review သို့ ပြောကြားရာတွင် တရုတ်သည် အနောက်နိုင်ငံများအပေါ် အကန့်အသတ်မဲ့ သူလျှို လုပ်လျက် ရှိကြောင်း၊ ယင်းသို့ ပြုလုပ်ရန် တရုတ် တယ်လီကွန်း ကုမ္ပဏီဖြစ်သော ဟွာဝေးသည် တရုတ် အစိုးရ ကို သတင်း အချက်အလက်များ ပေးနေသည်ဟု ယုံကြည်ကြောင်း ၎င်းက ယူဆထားသည်။
တရုတ် ဟွာဝေး ကုမ္ပဏီသည် တရုတ် အစိုးရနှင့် ဆက်စပ်နေသည်ဟု ယူဆခံထားရခြင်းကြောင့် ဟွာဝေး ကုမ္ပဏီ၏ ဆက်သွယ်ရေး ပစ္စည်းများသည် သတင်း အချက်အလက်များ လျှို့ဝှက်ရယူခြင်း နှင့် ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်နိုင်ခြင်းတို့ကြောင့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နိုင်ငံများ တွင် စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။
တရုတ် တယ်လီ ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေး(Huiwei) ကမူ ၎င်းတို့နှင့် တရုတ် အစိုးရနှင့် တိုက်ရိုက် ပတ်သက်မှု ရှိသည်ဆိုသည့် ကိစ္စကို ငြင်းဆိုထားသည်။
သို့သော် အမေရိကန် အစိုးရအနေနှင့် တရုတ် ဟွာဝေး ကုမ္ပဏီနှင့် ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ဖယ်ရှားရန် အမေရိကန် ကွန်ဂရက် လွှတ်တော်က ယမန်နှစ်က တိုက်တွန်းထားပြီး သြစတြေးလျ အင်တာနက် Broadband Network ကွန်ရက် တည်ဆောက်ရန် ကုမ္ပဏီများ တင်ဒါ ခေါ်ရာတွင်လည်း ဟွာဝေး Huiwei ကုမ္ပဏီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမှ တားမြစ်ထားသည်။
ယခုအခါ ဗြိတိန်နိုင်ငံတွင်လည်း ဟွာဝေး(Huiwei) ကုမ္ပဏီထုတ် ဆက်သွယ်ရေး ပစ္စည်းများဖြင့် ဗြိတိန်နိုင်ငံကို သူလျှို လုပ်ဖွယ်ရှိသည့် ကိစ္စအပေါ် ပြန်လည် သုံးသပ်မှုများ ပြုလုပ်မည် ဖြစ်သည်ဟု ဗြိတိန် အမျိုးသား လုံခြုံရေး အကြံရေး ဆာကင်မ်ဒါရို့ခ်ျက ပြောကြားသည်။
ဗြိတိန်နိုင်ငံ အောက်စဖို့ရှိုင်းယားတွင်ရှိသော Cell ဟုခေါ်သော ဟွာဝေး ကုမ္ပဏီ စင်တာသည် ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ အင်တာနက် ဖိုက်ဘာ ဆက်သွယ်ရေး စသည်တို့နှင့် Huiwei ထုတ် ပစ္စည်းများ အသုံးပြုနိုင်ရန် ဝန်ဆောင်မှု ပေးနေသော စင်တာ ဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အရာရှိဟောင်း တစ်ဦး ဖြစ်သူ တည်ထောင်ထားသော ဟွာဝေး ကုမ္ပဏီသည် ၂၀၀၅ ခုနှစ်က ဗြိတိန်နိုင်ငံ BT ကုမ္ပဏီကို ဆက်သွယ်ရေးလှိုင်း ထုတ်လွှင့်သည့် စက်ပစ္စည်းများ ရောင်းချရန် သဘော တူညီခဲ့သည်။
အမေရိကနှင့် တရုတ် အစိုးရအကြား ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုတွင် ဟွာဝေး ကုမ္ပဏီမှာ မြေစာပင် ဖြစ်ရသည်ဟု ပြောကြားထားဖူးသော ဟွာဝေး ကုမ္ပဏီ၏ ဆိုက်ဘာ လုံခြုံရေး အရာရှိဖြစ်သူ John Suffolk ကမူ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ၏ ပြောကြားချက်မှာ အခြေအမြစ် မရှိသော အပုပ်ချ စကားသာ ဖြစ်သည်ဟု ပြန်လည် တုံ့ပြန် ပြောကြားသည်။
Ref & Credit: The Voice Weekly
















Chin Mobile Group a ka leng tu nan cung ah ka lawm Facebook Like Pek in Bawmh na ka duh ah cun Hi Ka hi Hmet Law Like Pekkhawh asi



No comments:

Post a Comment