Saturday, July 20, 2013


တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် လိုင်းကတ်အတွက် ဟန်းဆက်များ အရစ်ကျ ရောင်းချပေးသော ဆိုင် အများအပြား ပေါ်ပေါက်လာရန်လို



မကြာသေးမီက ချထားပေးနေသည့် တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် လိုင်း ကတ်များအတွက် ဟန်းဆက်များ အရစ်ကျ ရောင်းချပေးသည့် Sale & Service ဆိုင် အများအပြား ပေါ်ပေါက်လာရန် လိုအပ်ကြောင်း တန်ဖိုးနည်း ဖုန်းကိုင်ဆောင်သူ များက ပြောကြားခဲ့သည်။တန်ဖိုးနည်း ဖုန်းလိုင်းကတ်များကို မဲစနစ်ဖြင့် ခွဲဝေ ချထား ပေးလျက်ရှိ နေရာ တွဲဖက် အသုံးပြုရသည့် ဟန်းဆက် များသည် အနိမ့်ဆုံး ငွေကျပ် ၂ဝဝဝဝ မှ ငွေကျပ် ၅ သိန်း အထိရှိရာ အများ ပြည်သူ သုံးစွဲနိုင်ရေး အတွက် အရစ်ကျ စနစ် အသုံးပြု ရောင်းချသော ဆိုင်များ လိုအပ်နေကြောင်း၊ လက်ရှိတွင် အရစ်ကျ ရောင်းချပေးသည့် ဆိုင်အချို့ရှိပြီး စည်းကမ်းချက် များသောကြောင့် အဆင်မပြေ ရှိနေကြောင်း သိရသည်။
”ဈေးကွက်ထဲမှာ တန်ဖိုးနည်း ဟန်းဆက်တွေ ရှိပေမဲ့ လိုင်းဆွဲအားကြောင့် ဟန်းဆက် အမြင့်တွေ ဝယ်ကြ တယ်။ ငွေကြေး မတတ်နိုင်တော့ အရစ်ကျ ဆိုင်တွေမှာ ဝယ်ဖြစ်တယ်။ ထောက်ခံစာတွေ၊ စည်းကမ်းချက်တွေ များတော့ စိတ်ညစ်ရတယ်” ဟု အရစ်ကျ ဝယ်ယူ သုံးစွဲသည့် ဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။
နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးမှုနှင့် အတူ ပြည်သူ အများအပြား တန်းတူ ဖုန်းကိုင် ဆောင်နိုင်ရန် ဆောင်ရွက် ပေးလျက်ရှိရာ ပြင်ပ ဖုန်းဈေးကွက် အတွင်း တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် လိုင်းကတ်များကို ဈေးနှုန်း မြင့်မားစွာဖြင့် ဝယ်ယူနေရကြောင်း၊ ယင်းအတွက် ဈေးနှုန်း ညှိရောင်းချရန် ဆောင်ရွက် ပေးစေလိုကြောင်း သိရသည်။
အရစ်ကျ ရောင်းချပေးနေသည့် ဟန်းဆက်များ ဝယ်ယူလိုပါက ဝယ်ယူ လိုသူ၏ မှတ်ပုံတင်နံပါတ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် ရဲစခန်း ထောက်ခံစာ တို့အပြင် မိမိလုပ်ကိုင်နေသည့် လုပ်ငန်းမှ တာဝန်ရှိသူ၏ သန်းခေါင်စာရင်း မိတ္တူ၊ ထောက်ခံချက်များ ပါရှိမှသာ ဝယ်ယူ ရရှိနိုင်ကြောင်း အရစ်ကျရောင်း ချပေးနေသည့် ဆူးလေရှိ Samsung Showroom မှ စုံစမ်းသိရသည်။
Ref & Credit: Myawaddy News


















Chin Mobile Group a ka leng tu nan cung ah ka lawm Facebook Like Pek in Bawmh na ka duh ah cun Hi Ka hi Hmet Law Like Pekkhawh asi



No comments:

Post a Comment