Sunday, July 14, 2013





Appleဟာ မကြာသေးခင်က ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ iPhone 5ရဲ့ လျှပ်စစ်ရှော့ ဖြစ်မှုကြောင့် သေဆုံးသွားသူ အမျိုးသမီး၏ ဖြစ်ရပ်နောက်ဆက်တွဲ အဖြစ် သေဆုံးသွားမှု မှန်ကန်ပါက အဘယ်ကြောင့် အသက်ဆုံးရှုံးလောက်သည် အထိ ဆိုးဝါးသွားရကြောင်း ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီး သေဆုံးမှု ဖြစ်ရပ်မှာ ဟောင်ကောင် အခြေစိုက် South China Morning Postသတင်းစာရဲ့ ဖော်ပြချက် သတင်းတစ်ရပ် ဖြစ်ပြီး ကုမ္ပဏီဘက်ကလည်း ဖြစ်ရပ်မှန်ကန်မှု ရှိမရှိ စုံးစမ်းနေဆဲ ဖြစ်ကြောင်းနဲ့ သတင်းစာဘက်ကလည်း Appleရဲ့ အကြောင်းကြားချက် တစ်စုံတစ်ရာ မသိရသေးကြောင်း၊ Appleဘက်မှ အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဖြေရှင်းချက် တစ်စုံတစ်ရာ ရှိလာပါက ချက်ချင်း တင်ပြပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
သတင်းစာရဲ့ ဖော်ပြမှု အရတော့ သေဆုံးသူ အမျိုးသမီးဟာ သူမရဲ့ iPhone 5ကို အားသွင်းထားရင်းမှ ဖုန်းပြောဆိုရန် ကြိုးစားစဉ်မှာ လျှပ်စစ်ရှော့ဖြစ်ပြီး ဓါတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ အဆိုပါ သတင်းဟာ တရုတ်နိုင်ငံမှာပါ လူသုံးအများဆုံး ဖြစ်တဲ့ Weiboထိ ပျံ့နှံ့နေပြီ ဖြစ်သော်လည်း မှန်ကန်မှု ရှိမရှိကိုတော့ အထောက်အထား မပြနိုင်သေးကြောင်း ဆိုပါတယ်။ အဆိုပါ သတင်းမှန်ကန်မှု ရှိမရှိကိုတော့ Appleရဲ့ ကြေညာချက် ထုတ်ပြန်မှု အပေါ်ကိုသာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
Ref & Credit: Myanmar ICT






No comments:

Post a Comment