Friday, July 19, 2013

Nokiaရဲ့ Lumiaဖုန်းတွေ ရောင်းအားက BlackBerryထက် သာလွန်


နှစ်ဝက်ကာလကို ကျော်လွန်လာပြီးနောက်ပိုင်း ဘဏ္ဍာရေး ရှင်းတမ်းများအရ လက်ရှိ Nokia Lumiaဖုန်းတွေရဲ့ ရောင်းအားဟာ BlackBerryဖုန်းတွေရဲ့ ရောင်းအားထက် ပိုမို သာလွန်နေကြောင်း သိရပါတယ်။ လက်ရှိမှာ Nokiaဟာ ဖုန်း အလုံးရေ ၇.၄ သန်းထိအောင် ရောင်းချထားနိုင်ပြီ ဖြစ်ပြီး အဆိုပါ အရေအတွက်ဟာ BlackBerryဖုန်းတွေထက် ပြီးခဲ့တဲ့ ၆လတာ ကာလအတွင်းမှာ ရောင်းအား သာလွန်ကောင်းမွန်ကြောင်း သေချာစေတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်များအတွင်းကတော့ BlackBerryဖုန်းတွေရဲ့ ရောင်းအားဟာ Lumiaဖုန်းတွေ ရောင်းအားထက် နှစ်ဆခန့် သာလွန်ခဲ့ကြောင်းနဲ့ ယခင်က Lumiaဖုန်း တစ်လုံးရောင်းချရတိုင်း BlackBerryဖုန်း နှစ်လုံးရောင်းချခဲ့ရကြောင်း ဆိုပါတယ်။ ဒါဟာ Windowsဖုန်းတွေရဲ့ ဈေးကွက်အောင်မြင်မှု ဖြစ်ပြီး Smartphoneလောကရဲ့ တတိယနေရာကို ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ Nokiaနဲ့ BlackBerryဖုန်း ကုမ္ပဏီ နှစ်ခုလုံးဟာ ရောင်းချရမှုနဲ့ ကုန်သွယ်မှု အပိုင်းတွေမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်လျက်ရှိနေပြီး အကျိုးအမြတ် ကျန်ရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ အနာဂတ်မှာ အောင်မြင်မှုများ ရရှိရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။


Ref & Credit: Myanmar ICT



Chin Mobile Group a ka leng tu nan cung ah ka lawm Facebook Like Pek in Bawmh na ka duh ah cun Hi Ka hi Hmet Law Like Pekkhawh asi



No comments:

Post a Comment