Microsoft Surface Tablet များ ဒေါ်လာ ၁၅၀ လျှော့ရောင်း

Windows RT OS များကို ထည့်သွင်းထားသည့် Microsoft Surface တက်ဘလက်များကို တစ်လုံးလျှင် ယခင် သတ်မှတ်ဈေးအောက် ဒေါ်လာ ၁၅၀ ခန့် ထပ်မံ လျှော့ချကာ အွန်လိုင်းက တစ်ဆင့် ရောင်းချနေကြောင်း Latinos Post သတင်းတွင် ဖော်ပြထားသည်။ Surface တက်ဘလက် 32GB တစ်လုံးလျှင် ယခင် ဒေါ်လာ ၅၀၀ ခန့်ဖြင့် ရောင်းချနေရာမှ ယခုရောင်ဈေး ၃၄၉ ဒသမ ၉၉ ဒေါ်လာ ဟု ပြင်ဆင် ရောင်းချနေခြင်း ဖြစ်သည်။
ဈေးလျှော့ရောင်းမည့် ကာလသည် ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အတွင်းဖြစ်ပြီး http://weeklyad.staples.com/ တွင် မှာယူ ရရှိနိုင်မည် ဖြစ်သည်။
Surface တက်ဘလက်များတွင် ကီးဘုတ်နှင့် တွဲသုံးပါက တက်ဘလက် ပုံစံ ဖြစ်သွားပြီး၊ ယခုရောင်းချမည့် တက်ဘလက်တွင် ကီးဘုတ် မပါဝင်ကြောင်း ထည့်သွင်း ကြော်ငြာထားသည်။
Surface တက်ဘလက်များကို နှစ်မျိုး ထုတ်ထားပြီး 32GB ကို ၃၄၉ ဒသမ ၉၉ ဒေါ်လာဖြင့် လည်းကောင်း၊ 62GB ကို ၄၄၉ ဒသမ ၉၉ ဒေါ်လာဖြင့် လည်းကောင်း ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။
မြင်ကွင်း ၁၁ လက်မခွဲရှိသည့် Surface တက်ဘလက်များသည် resolution အနေဖြင့် 1,366 x 768 pixel အထိ တင်နိုင်ပြီး၊ ပရိုဆက်ဆာမှာ quad-core Nvidia Tegra 3 ကို အသုံးပြုထားသည်။RAM 2GB နှင့် Wi-Fi 802.11 a/b/g/n ဆက်သွယ်ရေး စနစ်များကို အသုံးပြုနိုင်မည် ဖြစ်သည်။
Ref & Credit: The Voice Weekly

Chin Mobile Group a ka dir pi tu ka hawi le hna nan cung ah ka lawm tuk hmailei zong ah ka leng peng uh tiah kan sawm hna
No comments:
Post a Comment