Huawei P6 စမတ်ဖုန်း ပြည်တွင်းဈေးကွက် လာပြီ

ကမ္ဘာ့အပါးလွှာဆုံး သတ္တုကိုယ်ထည်ဖြင့် ထုတ်လုပ်ထားသည့် Huawei Ascend P6 စမတ်ဖုန်းအား ပြည်တွင်း၌ ဒေါ်လာ ၃၉၀ ဖြင့် ဇူလိုင် ၂၀ ရက်တွင် စတင်ဖြန့်ချိမည် ဖြစ်ကြောင်း Huawei Device ကုမ္ပဏီလီမိတက်မှ Product Manager Mr Joyas Zhu ကပြောသည်။ Huawei Ascend P6 စမတ်ဖုန်း၏ အထူသည် 6.18mm သာရှိသည့် အတွက် အခြားသော ဟန်းဆက်များထက် ပါးလွှာမှုရှိအောင် ထုတ်လုပ်ထားပြီး GSM နှင့် CDMA 800 Network ပိုင်း အသုံးပြုနိုင်ကာ CPU အနေဖြင့် Quad Core 1.5GHz ပါဝင်ပြီး 2G RAM/ 8GB ROM နှင့် Android Version 4.2 (Jelly Bean) ထောက်ပံ့မှု ပေးထားကြောင်း သိရသည်။ “Android စမတ်ဖုန်းတွေမှာ ဖြစ်တတ်တဲ့ Touch သုံးရတာတွေက တစ်နှစ်လောက် ကျော်လာရင် မကောင်းတော့တဲ့ အားနည်းချက်ကို ဒီ P6 စမတ်ဖုန်းမှာ ပြဿနာနည်းအောင် လုပ်ပေးထားတယ်။ သတ္တုကိုယ်ထည်ပိုင်းကလဲ ဟန်းဆက်တစ်လုံး ထုတ်ဖို့အတွက်တောင် အချိန်အများကြီး ပေးရတယ်။ တခြားဟန်းဆက်တွေထက် ဈေးနှုန်းပိုင်း သက်သာအောင် Huawei က ထုတ်လုပ်မှာပါ။ ဒီဖုန်းကလဲ အသက် ၂၀ ကနေ ၄၀ ဝန်းကျင် Customer တွေအတွက် ရည်ရွယ်ထုတ်လုပ် ထားတာပါ” ဟု Mr Joyas Zhu ကပြောသည်။ အဆိုပါ P6 တွင် Air Sharing Function ပါဝင်သည့်အတွက် လွယ်ကူစွာပင် တီဗွီအစရှိသော Device များသို့ ဒေတာများကို Share အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ကင်မရာပိုင်းတွင်လည်း ရုပ်ထွက်ကြည်လင် ပြတ်သားမှု ရှိစေရန်အတွက် ရှေ့ကင်မရာ 5MP ပါဝင်ပြီး 4cm အကွာမှ ရိုက်သော်လည်း ကြည်လင်ပြတ်သားသော ရုပ်ပုံ ထွက်ရှိပေးနိုင်ပြီး နောက်ကင်မရာကို 8MP ထည့်သွင်း အသုံးပြုပေးထားကြောင်း ဓာတ်ပုံရိုက်ပြီးပါက အလိုအလျောက် Photoshops ဖြင့် ပြုပြင်ပေးသည့်စနစ် ထည့်သွင်းပေးထားကြောင်း သိရသည်။ Huawei ၏ အရောင်းပြခန်း အသစ်ကို တာမွေမြို့နယ် ဗညားဒလလမ်း၌ ဇူလိုင် ၂၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး Huawei မှ အသစ်ထပ်မံ ထုတ်လုပ်ထားသည့် Ascend P6 အား စမ်းသပ် အသုံးပြုနိုင်ရန် မိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖူးပွင့်သော်
Ref : Flower News Journal

No comments:
Post a Comment